သင်္ဘောသားဘ၀ကနေ စက္ကူလိပ်အနုပညာဘက် ပြောင်းခဲ့သူ
ဝင်ငွေကောင်းတဲ့သင်္ဘောသားဘဝကိုစွန့်လွှတ်ပြီး လက်မှုအတတ်ပညာနဲ့ ကျေးလက်နေ အိမ်ထောင်ရှင်မတွေ ကို အလုပ်အကိုင်တွေ ဖန်တီးပေးနေသူကတော့ အသက် ၃၃ နှစ်အရွယ် Treasure House Art Gallery တည်ထောင်သူ ကိုဇော်ထိုက် ပါ။
ဝင်ငွေကောင်းတဲ့သင်္ဘောသားဘဝကိုစွန့်လွှတ်ပြီး လက်မှုအတတ်ပညာနဲ့ ကျေးလက်နေ အိမ်ထောင်ရှင်မတွေ ကို အလုပ်အကိုင်တွေ ဖန်တီးပေးနေသူကတော့ အသက် ၃၃ နှစ်အရွယ် Treasure House Art Gallery တည်ထောင်သူ ကိုဇော်ထိုက် ပါ။
Seaman life မှာ အလုပ်လုပ်နေပေမယ့် တကယ်ဝါသနာပါတာကိုသတိထားမိသွားလို့ နောက်မကျခင်မှာပဲ ဒီ career ကို ရွေးချယ်ခဲ့တာပါ။ လက်မှုပညာနဲ့ ပတ်သတ်ပြီး စီးပွါးဖြစ် မဖြစ်ဆိုတာကို မတွေးမိပဲနဲ့ ဝါသနာပါရာ လမ်းကိုပဲ ရွေးချယ်ခဲ့တာ။ ဆယ်ဆုနှစ်ကျော်မှာ ကားချပ်ပေါင်း ၁၀၀၀ ကျော် ဖန်တီးခဲ့ပြီး နောက်ထပ်လည်း တီထွင်ဖန်တီးမှုများစွာကို ပြုလုပ်သွားဦးမှာပါ ဆိုတဲ့ ဇော်ထိုက် (Paper Quilling artist )
ကျွန်တော်တို့နိုင်ငံမှာက လက်မှုပညာကိုတန်ဖိုးမထားကြတာမဟုတ်ဘူး တန်ဖိုးထားကြတယ်၊ ဒီနိုင်ငံရဲ့အခြေခံလစာတစ်ခုအရ ကြိုက်ပေမယ့်လည်း ဝယ်ယူလို့မရနိုင်တဲ့ အခြေအနေတစ်ခုရှိတယ်၊ လက်မှုပညာဆိုတာ ကြိုက်နှစ်သက်ပေမယ့်လည်း ငွေရှိမှပဲလက်တွေ့ကျကျခံစားနိုင်မှာလေ၊ ကျွန်တော်တို့နိုင်ငံအခြေအနေအရ လက်မှုပညာကို အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့တော့ အားထားလို့မရသေးဘူးပေါ့
‘ဖုန်းရွှေ’ ဇာတ်ကား မိတ်ဆက်ပွဲမှာ ဟန်းမိတ်အင်္ကျီ ဝတ်လာတဲ့ ဟန်နာ့ ကို အရမ်း အံ့ဩခဲ့ရတယ်။ လက်မှုပညာရပ်ကို ချစ်တဲ့ ဟန်နာ့ ကို လေးစားလို့ သူ့ပုံတူ စက္ကူကားချပ်ကို (၆) နာရီကြာ ဖန်တီးခဲ့တယ်’ လို့ ပြောလာတဲ့ ကိုဇော်ထိုက် (Paper Quilling Artist)ဟန်နာ တို့နှင့် ခဏတာ။
“Paper Quilling Art ဆိုတာ စက္ကူလိပ်တဲ့ အနုပညာတစ်ခုပါ။ ၁၆၊ ၁၇ ရာစု ထဲကနေ အီဂျစ်ဘက်မှာ ပေါ်ထွန်းခဲ့တဲ့ ပညာတစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်လောက်မှာ သင်္ဘောသား အလုပ်ကို ရပ်နားပြီး လက်မှုပညာ လောကထဲ ခြေစုံဝင်ခဲ့တာပါ။ Youtube တွေထဲကနေ လေ့လာရင် တစိုက်မတ်မတ် လုပ်ခဲ့တာပါ။ အိပ်ချိန်ကလွဲရင် ဝါသနာပါတဲ့ ဒီအလုပ်လုပ်ရင်းပဲ အချိန် ကုန်ဆုံးတာများတယ်” လို့ ပြောလာတဲ့ Treasure House - Art Gallery မှ Paper Quilling လက်မှုပညာရှင် ကိုဇော်ထိုက် နှင့် ခဏတာ။
20.11.2022မှာပြုလုပ်တဲ့ Ko Zaw Htike ရဲ့Paper Quilling Art Exhibition 2022 ပွဲလေးရဲ့အမှတ်တရ highlights video လေးပါ
စက္ကူလိပ်လေးတွေကို အလှဆင်တဲ့ Paper Quilling Art လက်မှု့ပညာရှင် ကိုဇော်ထိုက်နှင့် ခဏတာ။
Real Roleအစီအစဉ်ရဲ့ စက္ကူလိပ်လက်မှုပညာရှင် Treasure House art-gallery တည်ထောင်သူ ကိုဇော်ထိုက်ကို paper quilling artကိုဘယ်လိုစတင်ခဲ့လဲ ယခုpaper quilling artရဲ့စျေးကွက်အခြေအနေတွေကိုမေးမြန်းဖြစ်ခဲ့ပါတယ်။
" ကျွန်တော်က သင်္ဘောသားအလုပ်ကိုနားပြီးတော့ ဒီဘက်မှာ စလုပ်တုန်းကဆို market လုံးဝမရှိသေးပါဘူး။ဒီလိုဟာတွေ လုပ်ဖို့နေနေသာသာ ဒီပစ္စည်းတွေက ဒီလိုအသုံးဝင်ပါလားဆိုတာတောင်ဘယ်သူမှမသိကြဘူး။ပြောရမယ်ဆိုရင် ရနေတဲ့ အရာတစ်ခုကိုစွန့်လွှတ်ပြီး ဘာမှန်းမသိတဲ့ကျောက်ခဲကိုရွေးချယ်ပြီး မိုက်ရူးရဲဆန်ခဲ့တာပေါ့။ဒါပေမယ့်တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တဲ့အပေါ်မှာတော့.....လို့ ပြောပြလာတဲ့ ကိုဇော်ထိုက် (TreasureHouseArtGalary)နှင့်တွေ့ဆုံခြင်း။
" ကျွန်တော်အရင်က သင်္ဘောအင်ဂျင်နီယာတစ်ယောက်ပါ အဲ့ဒီအလုပ်ကိုနားပြီးတော့ အခုလက်ရှိ Paper Quilling Artist တစ်ယောက်အနေနဲ့ရပ်တည်နေပါတယ် လူတစ်ရာမှာကိုးဆယ့်ငါးယောက်က ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ဖြတ်သန်းနေရတာမဟုတ်ဘူးလေ ဒါပေမယ့် ကျွန်တော်ကတော့ ကံကောင်းပြီးဝါသနာနဲ့အလုပ်တစ်ထပ်ထဲကျခဲ့တယ် "Paper Quilling Artist ဇော်ထိုက် ( Treasure House Art Gallery Founder )"
ရန်ကုန်မှာရောနယ်မှာပါစက္ကူနဲ့လုပ်တဲ့အနုပညာဖန်တီးမှူအကြီးကြီးလုပ်နေတဲ့သူတွေရှိနေပြီ။paper quilling artist စက္ကူနဲ့အသုံးပြုသည့်လက်မှုပညာလုပ်ကိုင်သူ ကိုဇော်ထိုက်နှင့်တွေ့ဆုံမေးမြန်းခြင်း။
“ရှေ့ဆက်ပြီးတော့မတူတာမျိုးတွေဖန်တီးဖို့ရှိတယ်”Treasure House art-gallery တည်ထောင်သူPaper Quilling Artist ကိုဇော်ထိုက်နဲ့ဆက်သွယ်မေးမြန်းခြင်း
“စက္ကူလက်မှုပညာ”လက်မှုပညာရပ်တွေထဲမှာ စက္ကူနဲ့ဖန်တီးတဲ့ Paper Quilling Art ကလည်း စိတ်ဝင်စားစရာပါ။စက္ကူနဲ့ဖန်တီးထားတဲ့ လက်စွပ်လေးတွေ၊ နားကပ်လေးတွေ၊ လည်ဆွဲလေးတွေကို အဝတ်အစားနဲ့ လိုက်ဖက်အောင် ဆင်မြန်းကြတဲ့အတွက် ဖန်စီဖက်ရှင်အလှတစ်မျိုးအဖြစ် အသွင်ဆန်းစေပါတယ်။Papae Quilling Art ကို မင်္ဂလာဆောင်လက်ဖွဲ့တာ၊ မွေးနေ့လက်ဆောင်ပေးတာ၊ အိမ်တွင်းအလှဆင်တာ၊ ရုံးခန်းအလှဆင်တာတွေအပြင် စားသောက်ဆိုင်တွေနဲ့ အရက်ဘားတွေမှာပါ အသုံးပြုလာကြပါတယ်။Paper Quilling Art လက်မှုပညာရပ်ဟာ ၁၆ ရာစုခန့်က အီဂျစ်နိုင်ငံကနေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၀၀ ပြည့်နှစ်လောက်မှာ စတင်ဖန်တီးခဲ့ကြတယ်လို့ ပြောလာသူကတော့ Paper Quilling Art လက်မှုအနုပညာရှင် ကိုဇော်ထိုက်ပါ။
" (၄) ရက်ကြာကြာ ဖန်တီးခဲ့ရတယ်။ အရမ်းကို လက်ဝင်တာပေါ့နော်။ Profile ကို ရွေးဖြစ်တာကလည်း လူအများစုက ကိုယ်ကြိုက်တဲ့ပုံကို ထားတတ်ကြလို့လေ။ တန်ဖိုးအရဆို (၅) သိန်းအထက် ရှိတာမို့ ..... လို့ပြောပြလာတဲ့ သရုပ်ဆောင် ဘုန်းရှိန်ခန့် , ဇော်ထိုက် (Treasure House) တို့နှင့် တွေ့ဆုံခြင်း
“ Paper Quilling ဆိုတဲ့ပညာရပ်က အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ ဟိုးတုန်းကတည်းက သမိုင်း အခိုင်အမာရှိပြီးသား ပညာရပ်တစ်ခုပါ။ မြန်မာမှာဆို (၂၀၂၀) နောက်ပိုင်း ဒီပညာရပ်က ပိုပြီး တွင်ကျယ်လာတာပေါ့နော်။ လူတွေလည်း ပိုပြီး စိတ်ဝင်စားလာပြီမို့ ..... လို့ပြောပြလာတဲ့ Paper Quilling Artist ကိုဇော်ထိုက် နှင့် တွေ့ဆုံခြင်း
“ ရစရာ မရှိအောင်ပဲ ဝေဖန်ခံရတယ်။ စက္ကူလိပ် , စက္ကူတွေနဲ့ ဆော့နေတာ ဘယ်လောက် ရမှာမို့လို့လဲ? ဆိုပြီး စသဖြင့် ပြောကြတာပေါ့နော်။ Papers Quilling နဲ့ ပတ်သက်ပြီး ဝါသနာ ပါခဲ့ရင် ပရဟိတအနေနဲ့ သင်ပေးချင်တယ်။ ပိုက်ဆံလုံးဝမယူပါဘူး။ သင်္ဘောသားဘဝကို နားပြီး ဒီအလုပ်ကို ရွေးချယ် ဖြစ်ခဲ့တာက?.....” လို့ပြောပြလာတဲ့ Papers Quilling Art ပညာရှင် ကိုဇော်ထိုက် နှင့် သူဖြတ်သန်းခဲ့သော ဘဝများ
ပုလဲမြို့သစ် "သာသနရက္ခိတ ပရိယတ္တိ စာသင်တိုက်" တွင် လကိမူပညာတစ်ခုအား အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုအနေဖြင့်ပညာဒါန သင်ကြားပို့ချပေးနေခြင်းရိုက်ကူးရေးprogramအစီအစဥ်
အခုအမေးအဖြေမှာတော့ သူရဲ့လုပ်ငန်းစတင်လုပ်ခဲ့ပုံလေးတွေရယ်၊ ကြုံတွေ့ခဲတဲ့ လုပ်ငန်းအခက်အခဲတွေရယ်၊ ဘယ်လိုကျော်လွှားခဲ့တာလည်းဆိုတာလေးတွေရယ် အခြားဗဟုသုတရစရာများကို မေးမြန်းသွားမှာဖြစ်ပါတယ်။
‘မြန်မာနိုင်ငံမှာ လက်မှုပညာက ဘဝဝမ်းစာအတွက် ရပ်တည်လို့မရဘူး’ကိုဇော်ထိုက် (Paper Quilling Art)"Paper Quilling Art ဆိုတာက ၁၆ ၁၇ ရာစုလောက်ထဲက အီဂျစ်ဘက်မှာ စပြီးပေါ်ထွန်းခဲ့တဲ့ ပညာရပ်တခု ဖြစ်တယ် ၂၀၂၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတယ်"ဇော်ထိုက်(Paper Quilling Art)
alk Show Event လေးမှာ "Would you like to level up your hobby?" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အတူ ကိုယ့်ရဲ့ဝါသနာတစ်ခုကနေ ဝင်ငွေတစ်ခုအဖြစ်ဖန်တီးနိုင်မယ့် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာ ၊ အတွေ့အကြုံလေးတွေကိုGuest Speaker တွေဖြစ်တဲ့
Ko Zaw Htike (Treasure House Art Gallery)
Ma Yi Mon May (Made in Myanmar – Popstick Art)
Ma Ku Mudra Aung (Petrichor Myanmar)
Moderator အနေနဲ့Ma Trina တို့မှ အပြန်အလှန်ဆွေးနွေးရင်း Idea ကောင်းလေးတွေပေးသွားမှာဖြစ်ပါတယ်ရှင့်။