Treasure House - artgallery History
Treasure House – Art Galleryကို၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ရက်တွင်“Share Happy Moments”ဆိုတဲ့စိတ်ဓာတ်နဲ့စတင်ထူထောင်ခဲ့ပါသည်။အချိန်အနည်းငယ်အတွင်းတွင်Treasure Houseသည်ပရိတ်သတ်28,000ကျော်ရရှိသွားပြီး၊ 98% ပြန်လည်အကြံပြုနှုန်းဖြင့်လူအများ၏အားပေးမှုကိုရရှိထားပါသည်။
ဒီလက်မှုပညာတွေကို၂၀၀၉ခုနှစ်ကတည်းမှစတင်လုပ်ကိုင်ခဲ့တယ်။၂၀၁၄မှာPublicအနေဖြင့်ဈေးကွက်တွင်စတင်ဖြန့်ဝေခဲ့ပါတယ်။ ဒီလိုနဲ့တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ဖြစ်ခဲ့ပြီးဆက်စပ်ပစ္စည်းတွေကအစ၂၀၁၆မှာတော့စတင်ဖြန့်ချီရောင်းချလာနိုင်ခဲ့တယ်။Workshop Classများဖွင့်လှစ်သင်ကြားခြင်း၊ပရဟိတသင်တန်းများစသည့်သင်ကြားရေးလုပ်ငန်းများဖြင့်Quilling Artဆိုသည့်လက်မူပညာရပ်တစ်ခုအားမျှဝေခဲ့ပါသည်။
Paper Quilling Artဖြင့်ဖန်တီးထားသောလက်ဆောင်ကားချပ်များလဲ၂၀၁၆မှာတော့ဖြန့်ချီခဲ့ပါသေးသည်။ယခုအချိန်ထိဆိုလျှင်အနယ်နယ်အရပ်ရပ်မှမိတ်ဆွေများယုံကြည်စွာအပ်နှံသောကားချပ်များအပါအ၀င်မိမိအနေဖြင့်လက်ဆောင်ကားချပ်စုစုပေါင်း၈၀၀ကျော်ဖန်တီးပြီးစီးခဲ့လေပြီ။
ဝါသနာတစ်ခုအရင်းပြုသည့်အတွက်အောင်မြင်သည့်လမ်းစကိုတွေ့ရှိခြင်းဖြစ်ကြောင်းယုံကြည်သည်။စေတနာဆိုသည့်အရာမှန်ကန်ခဲ့သည့်အတွက်လည်းထိုအောင်မြင်ရေးလမ်းပေါ်တွင်ယခုအချိန်ထိမယိုင်မလဲပဲကောင်းမွန်စွာရပ်တည်နိုင်ခြင်းဖြစ်သည်ကိုလည်းတထစ်ချယုံကြည်မိပါသည်။