Activity

Paper Quilling Celebrate Party

November 30

2025 Nov 28 ရက်နေ့ဟာ ကျနော်ချစ်တဲ့ 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐇𝐨𝐮𝐬𝐞 ရဲ့ ၁၁ နှစ်ပြည့်မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ဒီလိုနေ့ထူးနေ့မြတ်မှာ Idea အသစ်အဆန်းတစ်ခုနဲ့ Celebrateလုပ်မယ်လို့ခေါင်းထဲတွေးကြည့်တော့1 2 3 4 5 6 7 8 9 10 11 ဆိုတဲ့ နံပါတ်လေးတွေ Paper Quilling အနေနဲ့စုပြီးဖန်တီးကြမယ်ဆိုတဲ့ Idea လေးခေါင်းထဲဝင်လာတယ်။ပထမဆုံးလိုအပ်တာက ဘယ်နေရာမှာလုပ်မှာလဲပေါ့...Albee's Studio - Art & Crafttမှာပြုလုပ်ဖြစ်ခဲ့ပါတယ်။ထိုနေရာအတွက်Albee's Art & Craft Supplies - Myanmar အကိုYE Kyaw Zwaa ညီမTrina Leee နဲ့ #Albee က ညီ ညီမ အားလုံးကိူတကယ်ကျေးဇူးတင်ပါတယ်။Audience ဘယ်သူတွေလဲဆိုတဲ့အခါ အရမ်းခေါင်းစားပါတယ်။မပါမဖစ်ပါရမှာတော့ TH ရဲ့ Family gp ထဲကသူတွေနဲ့ နေရာSpaceအခက်အခဲကြောင့် Public မှာမကြေငြာတော့ပဲ အရင်တစ်ခေါက်သင်တန်းပရဟိတမှာ External volunteer အဖြစ်ပါဝင်ကူညီခဲ့တဲ့သူတွေကိုပဲ Specialistရွေးခြယ်လိုက်ပါတယ်။စည်စည်ကားကားသိုက်သိုက်ဝန်းဝန်းနဲ့ နွေးနွေးထွေးထွေးပြီးဆုံးသွားခဲ့တဲ့ ဘဝမှာအမှတ်ရစရာတွေထဲက ကောင်းမွန်တဲ့အမှတ်တရတစ်ခုကို ကျနော့် Milestone အဖြစ်Profileထဲ နေရာဖြည့်လိူက်ခဲ့ပါတယ်။

တတိယအကြိမ်မြောက်ခဝဲခြံမျက်မမြင်ကျောင်း Paper Quilling Art

October 8

တတိယအကြိမ်မြောက်ခဝဲခြံမျက်မမြင်ကျောင်းPaper Quilling Art ပညာဒါနပရဟိတမှာPaper Quilling Artကိုသင်ကြားပေးခဲ့ပါတယ် ပါဝင်ကူညီပြီးသင်ကြားခွင့်ရခဲ့တာကြောင့်ဝမ်းသာပီတီဖြစ်ခဲ့ရပါတယ် စက္ကူလိပ်နေတဲ့အချိန်သူတို့လေးတွေရဲ့စိတ်အားထက်သန်ပျော်ရွှင်မှုကြောင့် ပိုပြီးပီတိဖြစ်ခဲ့ရပါတယ်။ပါဝင်အားဖြည့်ပေးခဲ့ကြသူတွေရဲ့ကျေးဇူးနဲ့ပရဟိတသင်ကြားမှုလေးဟာအောင်အောင်မြင်မြင်ဖြစ်မြောက်သွားခဲ့ရပါတယ်

Paper Quilling Workshop(Sedona Hotel Yangon Grand Ballroom)

September 27

𝐓𝐡𝐞 𝐆𝐨𝐥𝐝𝐞𝐧 𝐒𝐨𝐜𝐢𝐞𝐭𝐲 𝐋𝐮𝐱𝐮𝐫𝐲 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 𝐁𝐚𝐳𝐚𝐚v𝐫” ပွဲတော်မှာ လက်ဆောင်ပေးဖို့ ဒါမှမဟုတ် တစ်သက်တာအမှတ်တရသိမ်းထားဖို့အတွက် တန်ဖိုးရှိတဲ့ လက်မှုအနုပညာတွေကို ကိုယ်တိုင်ကိုယ်ကျဖန်တီးနိုင်မယ့် သင်တန်းကိုဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်𝐀𝐫𝐭𝐢𝐬𝐭 𝐒𝐚𝐲𝐚𝐫 𝐙𝐚𝐰 𝐇𝐭𝐢𝐤𝐞က ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့တဲ့𝐏𝐚𝐩𝐞𝐫 𝐐𝐮𝐢𝐥𝐥𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩မှာ သင်ကြားပေးခဲ့တဲ့အရာတွေကတော့𝐏𝐚𝐩𝐞𝐫 𝐐𝐮𝐢𝐥𝐥𝐢𝐧𝐠 𝐀𝐫𝐭 ရဲ့ အခြေခံအဆင့်ကနေ 𝐀𝐫𝐭𝐰𝐨𝐫𝐤 တစ်ချပ်အဖြစ် ဖန်တီးနိုင်သည်အထိ 𝐌𝐨𝐝𝐮𝐥𝐞 ၃ ခု ခွဲပြီး သင်ကြားပေးခဲ့ပါတယ်သင်ခန်းစာပြီးဆုံးတာနဲ့ ကိုယ်တိုင် 𝐀𝐫𝐭𝐰𝐨𝐫𝐤 တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဖန်တီးနိုင်သည်အထိ တတ်မြောက်အောင်သင်ကြားပေးခဲ့ပါတယ်ပုံဆွဲတတ်စရာမလိုဘဲ စိတ်ကူးထဲက ပုံရိပ်တွေကို စက္ကူနဲ့ လွတ်လပ်စွာပုံဖော်နိုင်မယ့် နည်းလမ်းတွေကို ၃ နာရီအတွင်း အပြည့်အဝသင်ယူနိုင်ခဲ့ကြပါတယ်

မေတ္တာအေးရိပ်မြုံ မိဘမဲ့ဂေဟာ" မှာart & craft training

June 13

"မေတ္တာအေးရိပ်မြုံ မိဘမဲ့ဂေဟာ"မှာart & craft trainingကိုအရင်အပတ်Paper cuttingနဲ့ဒီတခေါက်ကpaper quillingသင်ကြားပေးဖြစ်ပါတယ်။Paper CuttingကိုSayar Adamမှတာဝနိယူသင်ကြားပေးတာဖြစ်ပြီးယခုအပတ်June14ရက်နေ့မှာတော့Paper QuillingကိုTreasure House Art Galleryမှအသီးသီးတာဝန်ယူသင်ကြားပေးဖြစ်ခဲ့ပါတယ်။ဒီProjectလေးအစတည်နိုင်ဖို့ကလည်းUnited Youth Association UYAကvolunteersလေးတွေရဲ့supportမပါရင်လည်းမပြီးပါဘူး။သင်ယူတဲ့ကလေးတွေကထင်တာထက်တော်ကြပါတယ်။အများကြီးအထွေအထူးမပြောတော့ပါဘူးကျနော်ဘာပဲလုပ်လုပ်နောက်ကနေအမြဲကပ်ပီးဝိုင်းဝန်းပေးကြတဲ့TH' familyအမျိုးတွေနဲ့ဘာလိုလိုအမြဲsupportပေးတဲ့ #Albee's အကိုနဲ့Trinaဘာပဲဖြစ်ဖြစ်ကုသိုလ်/ပီတိနဲ့ကြိုးစားချင်စိတ်တွေပိုမိုဖစ်ပေါ်စေတဲ့နေ့လေးတစ်ရက်ဖြစ်ခဲ့ပါတယ်ခင်ဗျာ

ခဝဲခြံမျက်မမြင်ကျောင်း "Paper Quilling Workshop" ပရဟိတသင်တန်း (ဒုတိယအကြိမ်)

May 6

ခဝဲခြံမျက်မမြင်ကျောင်း "Paper Quilling Workshop" ပရဟိတသင်တန်းလေးကို ဒုတိယအကြိမ်အဖြစ် ဒီနေ့ May ၆ရက်နေ့မှာ သင်ကြားပေးဖြစ်ခဲ့ပါတယ်။ခု ဒုတိယအခေါက်မှာအမြင်မရတဲ့ဆရာမတွေကိုသင်ကြားပေးခဲ့ရတာတကယ်ကိုအမှတ်တရပါပဲ။မျက်လုံးမြင်တဲ့တခြားဆရာမတွေကတော့"ရတယ် ဆရာ ဘာမှမဖြစ်ဘူး အားမနာနဲ့" ပြောပေမယ့်ကိုယ့်မှာတော့ "အပြောစကားမှားသွားမှာတကယ်ကိုစိုးရိမ်နေခဲ့တာ"ဒါပေမယ့်ဒီနေ့သင်နေတဲ့အချိန်စိတ်ထဲထည့်ထားတာက "အကယ်၍ကျနော်ရဲ့မျက်လုံး၂လုံး အလင်းများကင်းမဲ့လို့ရှိရင်" ဘယ်လိုလဲပေါ့.... ဆိုတဲ့အတွေးနဲ့စိတ်ရှည်ရှည်နဲ့အတတ်နိုင်ဆုံးကိုယ်တတ်မြောက်ထားတဲ့အရာတစ်ခုကို ရယူလိုမှုကင်းစွာမျှဝေပေးခဲ့ပါတယ်။

2024 Paper Quilling Art SOLO Exhibition

December 1

1ရက်နေ့မွေးနေ့မှာမှတ်မှတ်ရရလေးဖြစ်အောင်Quilling Art Soloပွဲလုပ်ဖြစ်ခဲ့ပါတယ်။ပုံမှန်ပြနေကြGalleryတွေမှာထပ်စာရင်လာကြည့်တဲ့သူတွေကိုမတူတဲ့ vibes လေးခံစားရအောင် outdoor/indoor ၂မျိုးလုံးစီစဥ်ထားတယ်။Paper Quilling Backdropနဲ့အတူ Photoလှလှလေးတွေရိုက်နိင်တယိ။ပွဲလာတဲ့သူတွေပါ ပါဝင်ဆင်နွဲနိုင်မယ့် Quilling Artwork တစ်ချပ် ရင်ခုန်စရာကံစမ်းမဲတွေ လက်ဆောင်တွေနဲ့ပျော်ပျော်ပါးပါးရငိးနှီးခင်မင်စွာနဲ့လာရောက်ကြည့်ရူလို့ရမယ့် vibeမျိုးခံစားရအောင်စီစဉ်ခဲ့ပါတယ်

AIA နှင့် ၃ရက်တာ Paper Quilling Workshop

September 24

AIA Myanmar နှင့် ၃ရက်တာ Paper Quilling Workshop ပြီးစီးခဲ့ပါပြီ။တို့ကကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။Albee’s ရဲ့ကူညီပံ့ပိုးပေးမှုနဲ့အတူAIA Myanmar Insurance မှာpaper quilling နဲ့ပတ်သတ်ပြီးသင်ကြားပေးဖြစ်ခဲ့ပါတယ်။

ခဝဲခြံမျက်မမြင်ကျောင်း ပရဟိတပညာဒါနသင်ကြားမှု

September 14

ခဝဲခြံမျက်မမြင်ကျောင်းမှာပရဟိတသင်ပေးဖြစ်တဲ့နေ့လေးဟာအပျော် ပီတိ ကြည်နူးမှု မျက်ရည်တွေနဲ့ ရသစုံခံစားလိုက်ရတဲ့နေ့တစ်ရက်ဖြစ်ခဲ့ပါတယ် မြင်တဲ့ဆရာမတွေကသင်ယူကြပြီးထိုဆရာဆရာမတွေကတစ်ဆင့်မျက်စိမမြင်တဲ့ဆရာမတွေကိုတစ်ဆင့်ပြန်သင်ပေးကြမယ်။ဆရာမတို့ရဲ့planက စက္ကူလိပ်ပုံဖော်တဲ့လက်မှုပညာရပ်ကို သင်ရိုးထဲအထိထည့်ပြီးသင်ကြားမယ်။ကလေးတွေရဲ့ဘဝမှာ ဒါနဲ့အကျိုးပြုစေဖို့အတွက်မျက်မမြင်ကလေးတွေကိုထပ်ဝေမျှကြမယ်ဆိုတဲ့ရည်ရွယ်ချက်လေးကြောင့် ပရဟိတသင်ကြားမှူလေးကပိုအသက်ဝင်လှပခဲ့ပါတယ်။

🇫🇷 Paper Quilling Workshop Institute français de Birmanie with Saturday youth workshops

June 15

ပြင်သစ်ယဉ်ကျေးမှုဌာနမှာအသက် (၆) နှစ်မှ (၁၃) အရွယ် ကလေးငယ်များအတွက် "စက္ကူကနုတ်ကဏ္ဍ" ဆွေးနွေးလှုပ်ရှားမှု လူငယ် စကားဝိုင်းများ အစီအစဉ်ကို တင်ဆက်ခဲ့ပါတယ်။ကလေးများအနေဖြင့် ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဗဟုသုတ ရှာဖွေလိုမှုများကို သိကောင်းစရာများ နားထောင်ရင်း စက္ကူကနုတ်၊စက္ကူလိပ်ပညာကိုပျော်ရွှင်စွာ ပါဝင်ဆောင်ရွက် လေ့လာနိုင်အောင်သင်ကြားပေးခဲ့ပါတယ်။

paper quilling workshop held to commemorate Coca-Cola

June 11

Coca-Cola’s ရဲ့11နှစ်မြောက်Anniversary နေ့လေးမှာ Albee’s Teamရဲ့ကူညီပံ့ပိုးပေးမှုနဲ့အတူpaper quilling workshop လေးတစ်ခုကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်။

Paper Quilling Art at YWCA

February 16

We note this day as a special memory.We shared Paper Quilling Art at YWCA on 17th February 2024.Especially thanks to the #wendy who was forced to share and Treasure House family members who support this project.

9 Years Anniversary Celebration of TREASURE HOUSE 𝕆𝕟𝕖 Day Quilling Workshop

November 28

ဒီနှစ်တော့၉နှစ်ပြည့်မှာတခြားအရာတွေထက်တတ်မြောက်ထားတဲ့ပညာရပ်တစ်ခုကိုပဲAlbee’s နဲ့Collaborateလုပ်ပြီးပညာဒါနပညာမျိုးစေ့အဖြစ်မျှဝေပေးဖြစ်ခဲ့ပါတယ်။ကြိုးစားပန်းစားသင်ယူကြတာအရမ်းအားရတယ်။ပညာဒါနဆိုပေမယ့် ပေါ့ပေါ့တန်တန်မလုပ်ပဲသေချာလေးအားစိုက်ပေးခဲ့တာဟာဝမ်းမြောက်ပီတိဖြစ်ခဲ့ရပါတယ်။

Albee's Youth Quilling Art Program for Youths with Down Syndrome

September 4

Albee's Youth Quilling Art Program for Youths with Down SyndromeပွဲမှာInstructor အဖြစ်ပညာဒါနသင်ကြားပေးခဲ့ပါတယ်။𝐃𝐨𝐰𝐧 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကလေးတွေ‌ အနေနဲ့ Paper Quilling Artwork လေးတွေ လုပ်ကြတာ ပျော်ရွှင်ကြလို့ တကယ် ဝမ်းသာမိပါတယ်။

2023 Paper Quilling Art Exhibition

June 25

Paper Quilling Art တွေကိုသီးသန့်ခံစားကြည့်ရှုနိုင်မယ့်ပွဲကြီးကို June ၂၅ရက်နေ့မှာကျင်းပပြုလုပ်မှာခဲ့ပါတယ်။ Ko 𝙕𝙖𝙬 𝙃𝙩𝙞𝙠𝙚 Treasure House, 𝙎𝙪 𝙎𝙪 𝙃𝙡𝙖𝙞𝙣𝙜 , 𝙃𝙣𝙞𝙣 𝙃𝙣𝙞𝙣, 𝙆𝙝𝙞𝙣 𝙎𝙬𝙚𝙚𝙩𝙢𝙖𝙮 တို့Artist ၄ဦးရဲ့မတူညီတဲ့ideaတွေနဲ့ဖန်တီးထားတဲ့ artworkတွေကိုခင်းကျင်းပြသခဲ့ပါတယ်။

2022 Paper Quilling Exhibition

November 19

2022 Paper Quilling Art Exhibition ပွဲလေးကိုTime City UAB Towerမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ထူးခြားစွာနဲ့Rainbow Series ၊Quilling Dragon တို့ကိုပါထည့်သွင်းပြခဲ့ပါတယ်။Main Sponsor Hong Kong Paradise နဲ့ Payment Partner Sponsor UAB Bankတို့ကပါဝင်အားဖြည့်ပေးခဲ့ကြပါတယ်။လာရောက်အားပေးသူ၊ဝယ်ယူသူများနှင့်mediaသမားများနဲ့စည်းကားပြီးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။